ဒီနေ့ စောစောလေးကပဲ Viber PC ဗားရှင်းမှာ မြန်မာစာမှန်သွားတဲ့ ကိစ္စနဲ့ပါတ်သက်ပြီး
Viber ကို PC မှာ မြန်မာလိုကောင်းမွန်စွာအသုံးပြုနိုင်ပါပြီ.. ဆိုတဲ့ ပို့စ်ကို ညီလေး ပြည့်ဖြိုး (MMiTD) က
တင်ပေးထားပါတယ် .. တင်ပေးထားတဲ့ Font ကို ထည့်လိုက်တာနဲ့ Viber PC Version
မှာ ရေးရင် လေးထောင့်တုန်းလေးပေါ်ပြီး Enter (or) Send လိုက်ရင်တော့
မြန်မာစာတွေ အမှန် ပေါ်လာတာ မှန်ပါတယ် ..
အကြောင်းအမျိုးမျိုးကြောင့် ကျနော့လို Firefox Broswer,Facebook တို့မှာ အောက်ကပုံပါအတိုင်း မြန်မာစာတွေဟာ အဆင်မပြေခဲ့ဘူးဆိုရင်တော့ ပြန်လည် အဆင်ပြေသွားအောင် စောစောက သွင်းထားတဲ့ Font လေးကို (မလိုအပ်ရင်) Uninstall လုပ်နိုင်အောင် နည်းလမ်းလေးဖေါ်ပြပေးလိုက်ပါတယ် .....။
အဲ့လို မြန်မာစာတွေ ဖတ်မရ ဖြစ်နေရင် Firefox > Tool > Option > Content > font and color > advanced ကိုနှိပ်ပြီး ဝင်လိုက်ပါ အဲဒီထဲက....
Allow pages to choose their own fonts instead of my selections above ဆိုတဲ့စာသားရှေ့က အမှန်ခြစ်လေးကိုဖြုတ်ပြီး OK ပေးလိုက်ပါ....။
အောက်မှာ Comment ပေးသွားတဲ့ Bro nat ywa thar
ရေ ကျေးဇူးပါ....:)
အဆင်မပြေသေးရင်.....
အောက်ပါ နည်းလမ်းအတိုင်း စောစောက Install လုပ်ထားတဲ့ Font ကို Uninstall လုပ်ပေးနိုင်ပါတယ်...။
Start > Search မှာ Font ရေးထည့်ပြီး Font Folder ကို ဖွင့်လိုက်ပါ..။
ပုံပါအတိုင်း Arial Folder ကို ဆက်ဖွင့်ပါ...
Abg > Airal Regular ကို Select မှတ်ပြီး အပေါ်နားက Delete (or) Right Click > Delete ကိုနှိပ်ပြီး ဖျက်လိုက်ပါ...
Yes ကိုနှိပ်ပါ...။
ခုဆိုရင် Firefox Browser ကို ပြန်ဖွင့်ကြည့်လိုက်ပါ... မြန်မာစာတွေ ပြန်မှန်သွားပါပြီ...။
တခြားဖြစ်တတ်တဲ့ Firefox Browser မှာ မြန်မာစာ အဆင်မပြေတာမျိုးကိုတော့ ဒီပို့စ်ထဲက အတိုင်းပြုပြင်ပေးနိုင်ပါတယ်...
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်










No comments:
Post a Comment