img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, October 16, 2013

Prepaid စနစ်ဖြင့် Master Card များကို မြန်မာနိုင်ငံမှာ စတင်သုံးစွဲခွင့်ပြု


နိုင်ငံပေါင်း ၂၀၀ ကျော်၌ တည်ရှိသော Master Card သုံးစွဲနိုင်သည့် အလိုအလျောက်ငွေထုတ်စက် (ATM) များ၌ ဒေသတွင်း ငွေစက္ကူထုတ်ယူနိုင်မည့် Prepaid စနစ်သုံး Master Card များကို မြန်မာနိုင်ငံတွင် စတင်သုံးစွဲခွင့်ပြုလိုက်ကြောင်း CB ဘဏ်မှ ကြေညာသည်။

Debit ကတ်များနှင့် Credit ကတ်များ သုံးစွဲနိုင်ခြင်းမရှိသေးခင် Prepaid စနစ်ဖြင့် Master Card များကို နိုင်ငံတကာသို့ သယ်ဆောင်အသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ Master Card အတွက် ကျပ်ငွေဖြင့်သာ လက်ခံခြင်းဖြစ်သော်လည်း ရောက်ရှိရာနိုင်ငံများ၌ ဒေသတွင်း ငွေစက္ကူများကို ATM စက်များမှတစ်ဆင့် ထုတ်ယူနိုင်မည်ဟု CB ဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့် ပြောသည်။

ထို့ပြင် Master Card များသည် ပြည်ပနိုင်ငံများမှ အွန်လိုင်းငွေပေးချေမှုများကို ပြုလုပ်နိုင်မည်ဖြစ်သည့်အတွက် ဆော့ဖ်ဝဲများ၊ ဂိမ်းများနှင့် အခြားသော အွန်လိုင်းဈေးဝယ်မှုများကို ပြုလုပ်နိုင်မည်ဟု သိရသည်။ “အခုစမ်းသပ်တာ အာင်မြင်တယ်။ နောက်ပိုင်းမှာ Visa Card ကိုပါ Prepaid စနစ်အနေနဲ့ ဆက်ထုတ်မယ်” ဟု ဦးဖေမြင့်က ဆိုသည်။

Master Card ၌ အနည်းဆုံးဒေါ်လာ ၅၀ မှ အများဆုံး ဒေါ်လာ ၅၀၀၀ အထိ နေ့စဉ်နိုင်ငံတကာ ငွေဈေးနှင့်တွက်ချက်၍ ကျပ်ငွေထည့်သွင်းနိုင်ကြောင်း၊ လစဉ်ကြေးအနေဖြင့် နှစ်ဒေါ်လာကျသင့်ကြောင်း CB ဘဏ်က ထုတ်ပြန်သည်။ လက်ကျန်ငွေစစ်ခြင်းနှင့် ငွေထုတ်သည့်အခါများ၌လည်း ကျသင့်ငွေကို Prepaid Card အတွင်းမှ နုတ်ယူသွားမည်ဟု သိရသည်။

အဆိုပါ Prepaid pepf Master Card များကို CB ဘဏ်အနေဖြင့် လုပ်ကိုင်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုမှသာ ဗဟိုဘဏ်ခွင့်ပြုချက်ရရှိသဖြင့် စတင်သုံးစွဲခွင့်ပြုခဲ့ရကြောင်း နိုင်ငံတကာသို့ Master Card သုံးစွဲသူရောက်ရှိနေစဉ် ပြည်တွင်းမှ ကျပ်ငွေကိုအသုံးပြု၍ အကောင့်အတွင်းသို့ ငွေဖြည့်သွင်းပေးခြင်းပြုလုပ်နိုင်ကြောင်း CB ဘဏ်က ထုတ်ပြန်သည်။

မြင့်ကျော်လှိုင်

Ref : http://www.myanmarinternetjournal.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...