img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, July 23, 2014

Post များကို bookmark များအဖြစ် သိမ်းဆည်းထားနိုင်မည့် Save feature သစ်ကို Facebook မိတ်ဆက်


Facebook သုံးစွဲသူများသည် အချိန်မရသောကြောင့် မကြည့်ရှုနိုင်သော post များကို Save ဟုခေါ်သည့် feature သစ်ဖြင့် အသုံးပြုကာ အားလပ်သည့်အချိန်တွင် ဖတ်ရှုနိုင်ရန်အတွက် သိမ်းဆည်းထားနိုင်တော့ မည် ဖြစ်သည်။

Facebook သုံးစွဲသူများသည် ၎င်းတို့၏ timeline ပေါ်တွင် story ၏ ညာဘက်ထိပ်ကို နှိပ်ခြင်းဖြင့် save ပြု လုပ်နိုင်မည် ဖြစ်သည်။ Save စာရင်းတွင် places, movies, TV နှင့် အခြားသော အရာများ ပါဝင်ကြောင်း Facebook က ပြောကြားခဲ့သည်။

သုံးစွဲသူများသည် ၎င်းတို့၏ saved item များကို စမတ်ဖုန်း သို့မဟုတ် tablet ပေါ်ရှိ “more” tab အောက်တွင် ကြည့်ရှုနိုင်သည်။ ထို့အပြင် ၎င်းကို ကွန်ပျူတာပေါ်တွင် Web browser ဖြင့် အသုံးပြုရာတွင် လည်း တွေ့မြင်နိုင်သည်။

Save feature သစ်သည် ကမ္ဘာ့အကြီးဆုံး လူမှုရေးကွန်ရက်၏ စိတ်ဝင်စားစရာ အပြောင်းအလဲ တစ်ခု ဖြစ်လာသည်။ အဆိုပါ Facebook ၏ အပြောင်းအလဲသည် Instapaper နှင့် Pocket ကဲ့သို့သော အခြား ဝန်ဆောင်မှုများကို ယှဉ်ပြိုင်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Save feature သစ်ကို လာမည့် ရက်အနည်းငယ်အတွင်း iOS, Android နှင့် Web သုံးစွဲသူများထံ အသုံးပြုခွင့်ပေးမည်ဟု Facebook က ပြောကြားခဲ့သည်။


Ref: CNET

Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...