img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, July 7, 2014

Ooredoo ဆင်းမ်ကတ်များအတွက် တန်ဖိုးနည်းဟန်းဆက် မသုံးရန် ကန့်သတ်ချက်ရှိ


http://www.ooredoo.qa/idc/groups/public/documents/document/qtel-hala-portlet-en.jpg
လာမည့်နှစ်လအတွင်း ရောင်းချပေးမည့် အူရီးဒူးမြန်မာကုမ္ပဏီမှ 3G မိုဘိုင်းဆင်းမ်ကတ်များကိုဖြန့်ဖြူးရောင်း ချပေးရန် စီစဉ်နေရာ အချို့သော တန်ဖိုးနည်း မိုဘိုင်းဟန်းဆက်များဖြင့် မသုံးစွဲရန် ကန့်သတ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

အူရီးဒူးမြန်မာကုမ္ပဏီမှ ရောင်းချမည့် မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပေးနိုင်မည့် လက်ကားမိုဘိုင်းဖု န်းဆိုင်ကြီးများသာမက မြို့နယ်ရပ်ကွက်အတွင်းရှိလက်လီဆိုင်များတွင်ပါဖြန့်ဖြူး ရောင်းချပေးရန်အတွက်ဈေး ကွက်ရှာဖွေမှုများ ဆောင်ရွက်နေခြင်းဖြစ်ရာ အဆိုပါလက်လီဆိုင်များတွင် ဟန်းဆက်ကန့်သတ်မှုများ ရှိသည်ဟု ပြောကြားထားကြောင်း စုံစမ်းသိရသည်။

‘‘ဆိုင်မှာ ယူရောင်းမလား မေးတယ်၊ စစချင်း ကတ် ၂၀ ချပေးမယ်ပြောတယ်။ ဒါပေမဲ့ သုံးတဲ့အခါကျရင် နှစ်သောင်း၊ သုံးသောင်းတန် ဟန်းဆက်လောက်နဲ့တော့ အဆင်မပြေလောက်ဘူးပြောတယ်။ လေး ငါးခြောက်သောင်းတန် ဟန်းဆက် နည်းနည်းကောင်းမှ သုံးရမယ်လို့ ပြောသွားတယ်’’ဟု သာကေတ မြို့နယ် ရှိ ကွမ်းယာဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

အူရီးဒူးမြန်မာအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များရောင်းချရာတွင် 3G စနစ် ဖြစ်သောကြောင့် အသုံးပြုမည့် မိုဘိုင်းဟန်းဆက်များမှာ UMTS(Universal Mobile Telecommunications System) 900 နှင့် 2100 ကို လက်ခံနိုင်စွမ်းရှိသည့် ဟန်းဆက်ဖြစ်မှသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အူရီးဒူးမြန်မာ၏ လူမှုဆက်ဆံရေး နှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုကပြောသည်။

 ‘‘တရုတ်ဖုန်းတွေဆိုလည်း အမျိုးမျိုးရှိတယ်။ UMTS 900 နဲ့ 2100 ပြည့်မီတဲ့ ဟန်းဆက်ဆို ဘယ်လောက် တန်ဖြစ်ဖြစ် သုံးလို့ရတယ်။ အဲဒါမပြည့်မီရင်တော့ လုံးဝ သုံးလို့ရမှာမဟုတ်ပါဘူး။ အဲဒီအတွက်လည်း အခုဈေးကွက်ထဲမှာရှိတဲ့ Brand အစုံနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်’’ဟု ဒေါ်သီရိကြာညိုကပြော သည်။ ဈေးနှုန်းသက်သာသည့် မိုဘိုင်းဟန်းဆက်များနှင့်လည်း တွဲဖက်အသုံးပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်ရာ လက်ရှိတွင်လည်း Samsung ကုမ္ပဏီနှင့်  ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ပြီး မိုဘိုင်းဆင်းမ်ကတ် များ ရောင်းချမည့် အစီအစဉ်ကို သြဂုတ်လအတွင်း ထုတ်ပြန်ပြီး ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...