img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, July 9, 2014

မြန်မာနိုင်ငံတွင် လူမှုကွန်ရက်ကြောင့် ပဋိပက္ခ မဖြစ်စေရန် Facebook တိုက်ရိုက်ကူညီ


မြန်မာနိုင်ငံတွင် အင်တာနက် လူမှုကွန်ရက်
များကြောင့် ပဋိပက္ခများ မဖြစ်စေရန်
အချိန်ပြည့်စောင့်ကြည့် ကြီးကြပ်၍ Facebook
က အကူအညီပေးနေပြီ ဖြစ်ကြောင်း နိုင်ငံတော်
သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဝါရှင်တန်ဒီစီတွငရှိသည့် Facebook ရုံးချုပ်က တာဝန်ရှိသူတစ်ဦး၊ အိုင်ယာလန်တွင်ရှိသည့် Facebook တာဝန်ရှိသူတစ်ဦး၊ အာရှပစိဖိတ် Facebook တာဝန်ခံတစ်ဦး စုစုပေါင်းသုံးဦးကို Facebook အသုံးပြုသူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ရန် သတ်မှတ်ပေးထားကြောင်း ၎င်းကဆိုသည်။

လတ်တလော မန္တလေးမြို့တော်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် လူမှုကွန်ရက် စာမျက်နှာများက ပိုမို ကြီးထွားစေခဲ့သဖြင့် ပဋိပက္ခကာလတွင် အဆိုပါ တာဝန်ရှိသူများ၊ Silicon Valley မှ ပညာရှင်နှစ်ဦးနှင့် မြန်မာအစိုးရ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် Facebook သုံးစွဲမှုနှင့် ပတ်သက်၍ စောင့်ကြည့်မှုများကို Facebook က မန္တလေးမြို့တော် ပဋိပက္ခတွင် ၂၄ နာရီ စောင့်ကြည့်ကာ ပဋိပက္ခ လျော့ကျသွားအောင် Facebook ၏ မူဘောင်များနှင့်အညီ အတတ်နိုင်ဆုံး အကူအညီ ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးက တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။
Facebook သုံးစွဲသူများကို ယခုပဋိပက္ခ မတိုင်မီကတည်းက စောင့်ကြည့်ရာတွင် ဘာသာစကား အခက်အခဲရှိသဖြင့် Facebook ဘက်တွင် မြန်မာဝန်ထမ်း တစ်ဦးကို ခန့်အပ်ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

Facebook တာဝန်ရှိသူများနှင့် ဆွေးနွေးရာတွင် ရေတိုအနေနှင့် ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများ လျော့ကျအောင် Facebook မူဘောင်နှင့်အညီ စိစစ်ခြင်း၊ ပိတ်ပင်ခြင်းများ လုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ရေရှည်အနေနှင့် နောက်တွင် လူမှုကွန်ရက် အသုံးပြုကာ ပဋိပက္ခဖန်တီးမှု ဖြစ်စဉ်များ မဖြစ်အောင် နည်းပညာ၊ ဥပဒေကြောင်းအရ ဆောင်ရွက်ရမည့် ကိစ္စများကို Facebook က အကူအညီပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူ အမည်မဖော်ဘဲ Account အတုများဖြင့် အသုံးပြုနေသည့် ပြဿနာကိုလည်း တင်ပြခဲ့ပြီး Facebook ပေါ်လစီအရ Account တု အသုံးပြုခြင်းကို ခွင့်မပြုထားကြောင်း ၎င်းကဆိုသည်။

အလယ်အလတ်အနေနှင့် နည်းပညာပိုင်း၊ monitoring (စောင့်ကြည့်စစ်ဆေး)၊ မြန်မာနိုင်ငံက User များကို အသိပညာပေးရန် Facebook နှင့် Google မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံက နည်းပညာရှင်များ၊ User များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ရန်ကုန်မြို့တော်တွင် ဇူလိုင်လ တတိယအပတ်၌ တွေ့ဆုံဆွေးနွေးနိုင်အောင် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရှိရသည်။


The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...