img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, July 1, 2014

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ၏ မိုဘိုင်းအင်တာနက် အသုံးပြုခ ကောက်ခံမည့် စနစ်ကို သုံးစွဲသူများ စိတ်ဝင်စားနေ


Internet Watch - screenshot
      နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် Telenor Myanmar နှင့် Ooredoo Myanmar တို့မှ ၎င်းတို့၏ အင်တာနက်အသုံးပြုခအတွက် မည်သည့်ပုံစံဖြင့် ကောက်ခံမည်ကို သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်းပြည်တွင်းမိုဘိုင်းဖုန်းအသုံးပြုသူအများစုကယင်းအပေါ်တွင်စိတ်ဝင်စားမှုများပြားလျက်ရှိကြောင်း စုံစမ်းသိရသည်။     ယခုလက်ရှိ ပြည်တွင်းမိုဘိုင်းဖုန်း သုံးစွဲသူများသည် မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်း အင်တာနက်သုံးစွဲခများကိုပေးချေရာတွင် တစ်မိနစ်လျင်နှစ်ကျပ် (သို့မဟုတ်)လေးကျပ်နှုန်းဖြင့်မိနစ်အလိုက်ကျသင့်သည့် သုံးစွဲခကို ပေးချေနေရခြင်းဖြစ်သည်။     ပြည်တွင်းမှ မိုဘိုင်းဖုန်း သုံးစွဲနေသူ အချို့ကလည်း ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းအင်တာနက် အသုံးပြုခများကို Data Rate စနစ်ဖြင့်သာ ကောက်ခံဖွယ်ရှိနေသည်ဟု သုံးသပ်ကြသည်။     ထိုကဲ့သို့ မိနစ်အလိုက် ပေးချေရ သည့် စနစ်သည် မိုဘိုင်းအင်တာနက်၏ 3G Network ကို ဖွင့်လိုက်သည်နှင့် သုံးစွဲသူ၏ မိုဘိုင်း ဖုန်းလက်ကျန်ငွေမှ အင်တာနက်သုံးစွဲခကို တောက်လျှောက်ဖြတ်တောက် နေခြင်းဖြစ်သည်။  “အင်တာနက် သုံးပြီး သရီးဂျီကို ပြန်မပိတ်မိတဲ့နေ့တွေဆိုရင် ဖုန်းထဲက လက်ကျန်ဘီလ်ကို စစ်ဖို့ဝန်လေးနေမိတယ်။ သရီးဂျီ ကို ဖွင့်ထားလည်းပဲ အင်တာနက်စာမျက်နှာ တစ်ခုခုကို သုံးမှ၊ အင်တာနက်ပေါ်က အချက်အလက်တွေကို သုံးနေမှသုံးစွဲခ ကုန်ကျမယ့် ဒေတာစနစ်ဖြစ်လာစေချင်ပါတယ်။ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ က ဒေတာ စနစ်နဲ့ ကောက်ခံမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ"ဟု ရန်ကုန်မြို့တွင်းနေထိုင်သည့် မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသားတစ်ဦး ကပြောသည်။     ထို့ကြောင့် ပြည်တွင်းမိုဘိုင်းဖုန်း သုံးစွဲသူများထဲမှ အချို့သည်မိုဘိုင်း အင်တာနက်သုံးစွဲခကို အင်တာနက် စာမျက်နှာများပေါ်ရှိ အချက်အလက်များကို အသုံးပြုရှာဖွေနေသည့် အချိန်မှသာ သုံးစွဲခဖြတ်တောက်သည့် Data Rate စနစ်ကိုသုံးစွဲရန် ဆန္ဒရှိနေကြခြင်းဖြစ်သည်။ သို့သော် ယင်းကဲ့သို့အင်တာနက်ပေါ်မှ အချက်အလက်များကို သုံးစွဲနေမှသုံးစွဲခ ကုန်ကျမည့် အဆိုပါ Data  Rate  စနစ်သည် မိုဘိုင်းဖုန်းသုံးစွဲသူများ အဆင်ပြေသည့်မျှတသည့် နှုန်းထားများဖြစ်ရန်လည်း လိုအပ်ကြောင်းသိရသည်။     မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၂၀၁၁ ခုနှစ်အတွင်းတွင် ၎င်းတို့၏ မိုဘိုင်းဖုန်းသုံးစွဲခများကို မိနစ်အလိုက်ကောက်ခံနေရာမှ Data Rate ဖြင့် ပြောင်းလဲကောက်ခံမည်ဟု တရားဝင်ကြေညာခဲ့သော်လည်း ယင်းသို့ပြောင်းလဲ ကောက်ခံမည့် နှုန်းထားများကို မိုဘိုင်းဖုန်းသုံးစွဲသူ အများစုက ကန့်ကွက်ခဲ့ကြခြင်းကြောင့် အဆိုပါအစီအစဉ်ပျက် ပျယ်ခဲ့ရသည်။     “ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေက အင်တာနက်သုံးစွဲခကို ဘယ်လိုပုံစံနဲ့ ပေးမလဲဆိုတာကိုဘ စိတ်ဝင်စားနေတယ်။ နိုင်ငံတကာမှာဆိုလည်း အင်တာနက်ပေါ်က အချက်အလက်တွေကို သုံးနေမှသုံးစွဲခကုန်ကျတဲ့ ဒေတာစနစ်နဲ့ သွားနေတာဆိုတော့ ဒီမှာလည်းအဲ့လို စနစ်ဖြစ်စေချင်တယ်။ ဒေတာနဲ့ကောက် မယ်ဆိုလည်း ဈေးနှုန်းကတော့ အားလုံးလက်ခံနိုင်တဲ့ အနေအထားဖြစ်ရပါမယ်" ဟု အဆိုပါ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ၏ မိုဘိုင်းအင်တာနက် အသုံးပြုခကောက်ခံမည့် အစီအစဉ်များကို စောင့်မျှော်နေသည့် မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသမီးတစ်ဦးကဆိုသည်။     နော်ဝေနှင့် ကာတာနိုင်ငံတို့မှ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုမှ တာဝန်ရှိသူများကမူ  ယခုအချိန်အထိ ၎င်းတို့ကောက်ခံမည့် မိုဘိုင်းအင်တာနက် အသုံးပြုခများကို ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးသော်လည်း အများပြည်သူနှင့် အဆင်ပြေမည့် စနစ်ကိုသာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းပြောကြားသည်။     မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့နှင့် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် မိုဘိုင်းအင်တာနက် အသုံးပြုခများကို Data Rate ဖြင့်သာကောက်ခံခြင်းကြောင့် မိုဘိုင်းဖုန်းဖြင့်အင်တာနက် အသုံးပြုသူများသည် မိုဘိုင်းဖုန်းဖြင့် အင်တာနက်ကိုအချိန်မရွေး အလွယ်တကူ အသုံးပြုနိုင်နေကြကြောင်း ပြည်ပရောက် မြန်မာနိုင်ငံသား အချို့ထံမှ သိရသည်။
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...