img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, July 9, 2014

Android ဖုန်းများသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အပြီးသတ် ဖျက်ပေးနိုင်ခြင်း မရှိဟုဆို


     Android တွင် default အနေဖြင့် ပါဝင်သည့် အချက်အလက် ဖျက်နိုင်သော tool များသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖျက်ပေးနိုင်ခြင်း မရှိကြောင်း လုံခြုံရေးဆော့ဖ်ဝဲ ကုမ္ပဏီ Avast ၏ လေ့လာဆန်းစစ်မှု တစ်ရပ်အရ သိရသည်။

Android စမတ်ဖုန်း အဟောင်းများကို ပြန်လည်ရောင်းချခြင်း သို့မဟုတ် လှူဒါန်းခြင်းတို့ ပြုလုပ်ရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖျက်ပေးသည့် Android ၏ factory reset option ၏ ထိရောက်မှု မရှိခြင်းအပေါ် Avast က မေးခွန်းထုတ်ခဲ့သည်။

Windows, Mac နှင့် Android အတွက် နာမည်ကျော် လုံခြုံရေးဆော့ဖ်ဝဲများကို ထုတ်လုပ်ပေးသည့် Avast သည် eBay မှ Android စမတ်ဖုန်း အလုံး ၂၀ ကို ဝယ်ယူခဲ့ပြီးနောက် ၎င်းဖုန်းများတွင် အမျိုးသားများ၏ ဝတ်လစ်စလစ် selfie ဓာတ်ပုံ ၂၅၀ အပါအဝင် ဓာတ်ပုံ ၄၀,၀၀၀ ကျော်နှင့်အတူ email နှင့် text message ၇၅၀ နှင့် ဆက်သွယ်မှုနံပါတ် ၂၅၀ တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါ ပြဿနာသည် Android သုံးစွဲသူများက စမတ်ဖုန်းပေါ်မှ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို factory reset ပြုလုပ်ပြီး ရှင်းလင်းသော်လည်း ၎င်း option သည် application layer ကိုသာ ရှင်းလင်းပေးခြင်းကြောင့် ဖြစ်ကြောင်း Avast မိုဘိုင်းဌာနမှ ဥက္ကဋ္ဌဖြစ်သူ ဂျုဒ်မက်ခ်ကိုလ်ဂန်က ပြောကြားခဲ့သည်။

ထို့အပြင် Avast ၏ အစီရင်ခံစာ၌ ကုမ္ပဏီ၏ ကိုယ်ပိုင် Android security app တွင် ပါဝင်သော deletion tool သည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖျက်ပစ်ရာတွင် Android ၏ reset option ထက် ပိုမိုကောင်းမွန်သည့် လုပ်ဆောင်ချက်ဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်း ဖော်ပြခဲ့သည်။

Ref: CNET


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...