img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, June 25, 2014

တယ်လီနော နှင့် Samsung ပူးပေါင်း၍ ဆင်းမ်ကဒ် နှင့် မိုဘိုင်းဟန်းဆက် တစ်ပါတည်း ဝန်ဆောင်မှုပေးမည်

တယ်လီနောမြန်မာနှင့် Samsung Electronic တို့မှ ဈေျးနှူန်းသင့်တင့်သည့် ဆင်းမ်ကတ်ပါ မိုဘိုင်း ဟုန်းဆက်များအား အကျိုးတူပူးပေါင်း ရောင်းချ သွားမည်ဖြစ်ကြောင်း ၊ ရှေ့လျှောက် ၍ အရောင်းမြှင့်တင်ရေးပူးပေါင်း ဆောင်ရွက်မှုများအား လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုများအတွက် နားလည်မှု စာချွန်လွှာ အားရန်ကုန်မြို့ တယ်လီနောရုံးချုပ် တွင်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

အဆိုပါ လက်မှတ်ရေးထိုးခြင်းအနေဖြင့် ဆက်သွယ်ရေးကဏ္ဍအတွင်းတယ်လီနောနှင့် ဆမ်ဆောင်း၏ သမိုင်း မှတ်တိုင်တစ်ခု စိုက်ထူခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများစွာအားစတင်လိုက်ခြင်းဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr. Petter Furberg ကပြောသည်။

" အခု လက်မှတ်ရေးထိုးပွဲကတော့ သမိုင်းမှတ်တိုင်စိုက်ထူမှုတစ်ခုဖြစ်ပြီး ဆက်သွယ်ရေး ကဏ္ဍ မှာတယ်လီနော နဲ့ Samsung အတွက် ပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းများစွာကိုစတင် လိုက်တာပါဖြစ်ပါတယ်။ မြန်မာပြည်သူတွေ အတွက် ဆက်သွယ်ရေးဝန်ဆောင်မှု ကို Samsung နဲ့အတူ လက်တွဲဆောင်ရွက်ရမှာ ဝမ်းမြောက် မိပါတယ်" ဟု တယ်လီနောမြန်မာ CEO Mr. Petter Furberg ကပြောကြားခဲ့သည်။



 ဈေးကွက် ဝန်ဆောင်မှုအတွင်းတစ်ဦးနှင့်တစ်ဦး လက်တွဲညီညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုပူးပေါင်းမှု အနေဖြင့် ကုမ္ပဏီ နှစ်ခုလုံး၏ ပြည်တွင်း လုပ်ငန်းဆောင်ရွက်မှုများအား ပိုမို ခိုင်မာ စေမှာဖြစ်ကြောင်း Samsung Electronics Myanmar ၏ Managing Director Mr. Nam Sik Ahn ပြောသည်။

"တယ်လီနော နဲ့ Samsung က ဈေးကွက်ဝန်ဆောင်မှုမှာ တစ်ဦးနှင့်တစ်ဦးလက်တွဲညီညီ ဆောင်ရွက်သွားမှာဖြစ်ပြီး အခု ပူးပေါင်းဆောင်ရွက်မှု ကလည်းကုမ္ပဏီ နှစ်ခုစလုံးရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းဆောင်ရွက်မှု တွေကိုပိုမို ခိုင်မာ လာစေမှာဖြစ်ပါတယ်"ဟုပြေားကြားခဲ့သည်။

"ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ ခေတ်မီဆန်းသစ်ပြီး တန်ဖိုးရှိတဲ့ ဝန်ဆောင်မှုတွေကို အများပြည်သူတွေ အတွက် ပေးအပ်ဖို့ပါပဲ။ Samsung ဟာလည်း ကုမ္ပဏီ နှစ်ခုလုံးရဲ့ နည်းဗျူဟာ ဆိုင်ရာ ရည်မှန်းချက်များကို ပြည့်ဝစေဖို့ မိမိတို့ရဲ့ လက်တွဲဖော် ကောင်းတစ်ဦး ဖြစ်တယ် လို့ ယုံကြည်ပါတယ်" ဟု တယ်လီနောမြန်မာ ၏ Chief Marketing Officer Mr.Sharad Mehrotra ကပြေားကြားခဲ့သည်။

တယ်လီနောမြန်မာအနေဖြင့် ဆက်သွယ်ရေး လိုင်စင်အား ၂၀၁၄ ခုနှစ် ၊ဖေဖော်ဝါရီလတွင် ရရှိခဲ့ပြီး ၂၀၁၄ စက်တင်ဘာလတွင် မြန်မာပြည်သူများ အတွက် လွယ်ကူစွာရရှိနိုင်ရန် လက်လှမ်းမီသော ဈေးနှုန်းဖြင့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုကို ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရာဇကိုကို

TechSpace Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...