img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Friday, April 4, 2014

တန်ဖိုးနည်း ဖုန်းများတွင် တစ်လကျပ် ၂၅၀၀ မဖြစ်မနေ သုံးရမည့်စနစ် ဖျက်သိမ်း


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းများတွင် ရောင်းချပေး နေသည့် တန်ဖိုး နည်း ဖုန်းများတွင် တစ်လကျပ် ၂၅၀၀ မဖြစ်မနေ သုံးရမည့်စနစ်ကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆင်းမ်ကတ်များကို ယခင်ကဲ့သို့ ပိုက်ဆံမဖြတ်တော့ဘဲ ငွေဖြည့်ပါက သက်တမ်းတိုးသည့် စနစ်ကို ကျင့်သုံးနေကြောင်း ၎င်းကဆိုသည်။
“ငွေတော့ မဖြတ်တော့ဘူး။ မသုံးဖြစ်လည်း ကတ်မပိတ်သွားအောင် သက်တမ်းတိုးဖို့ ပိုက်ဆံတော့ ထည့်ရမယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင်၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ရောင်းချခဲ့သော (၁၅၀၀ ကျပ်တန်) တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများကို စတင်ရောင်းချပြီး ၁၅ ရက်အတွင်း အသုံးပြုရမည် ဖြစ်သော်လည်း ဧပြီလမှ စတင်ကာ ရက် ၃၀ အတွင်း အသုံးပြုရမည်ဟု ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တစ်လ ၂၅၀၀ က လူအများစု ကုန်ပါတယ်။ ဖုန်းပေါက်ပြီးပြီးချင်း ၁၅ ရက်အတွင်း သုံးရမယ် ဆိုတာထက် စာရင် ခုတစ်လ အချိန်ရတော့ ကိုယ့်စိတ်ကြိုက် ဟန်းဆက်ဝယ်ဖို့ အခွင့်အရေး ပိုတာပေါ့” ဟု တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်ပြီး တန်ဖိုးနည်းဖုန်း ကိုင်ဆောင် အသုံးပြုနေသည့် ဦးပြည့်ဖြိုးအောင်က ဆိုသည်။

မဟာသင်္ကြန်ပွဲတော် ကာလ၏ အထူးအစီအစဉ် အဖြစ် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများကို အပိုငွေ ထပ်ဆောင်း ဖြည့်စွက်ပေးမည့် အစီအစဉ်တစ်ခု ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းအစီအစဉ်ကို မကြာမီ အသေးစိတ် ထုတ်ပြန် ကြေညာသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင်း ပြည်ပဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ရထားသည့် အော်ရီဒူးနှင့် တယ်လီနောတို့ကလည်း ဖုန်းလိုင်းကတ်ကို ၁၅၀၀ ကျပ်၊ ဖုန်းပြောခ တစ်မိနစ် ၂၅ ကျပ် ဝန်းကျင်နှင့် မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုများ ပါသည့် ဖုန်းကတ်များကို ဇူလိုင်လအတွင်း ရောင်းချပေးမည်ဟု ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...