img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Sunday, November 3, 2013

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုများကို လပေးအခ ကြေးငွေဖြင့် နိုဝင်ဘာမှ စတင်ကာ ၀န်ဆောင်မှုပေးမည်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြိုတင်ငွေဖြည့် စနစ်သုံး GSM, WCDMA မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုများကို နိုဝင်ဘာ ၁ ရက်မှ စတင်ကာ လပေးအခကြေးငွေဖြင့် ၀န်ဆောင် မှု ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

ဝန်ဆောင်မှု ပေးသွားမည့် ထပ်တိုး ၀န်ဆောင်မှုများတွင် ဖုန်းပြောဆိုမှုအား နှစ်ဦး ပြောဆိုမှုထက် ထပ်မံဝင်ရောက်လာသော ဖုန်းခေါ်ဆိုလာသူကိုပါ လက်ခံပြောဆိုနိုင်မည့် CW(Call Wait Service)၊ မိမိ၏ဖုန်းအား အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ဖုန်းပိတ်ထားချိန်တွင် ဖုန်းသို့ ၀င်ရောက်ခဲ့သည့် Missed Call များကို မက်ဆေ့ခ်ျဖြင့် အကြောင်း ကြားပေးမည့် MCA(Missed Call Alert) ၀န်ဆောင် မှုနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာအင်ဖိုတက်ခ်ျတို့ ပူးပေါင်းဝန်ဆောင်မှုပေးမည့် VMS(Voice Mail Service) နှင့် လပေးအခကြေးငွေ အများဆုံး ပေးဆောင်ရမည့် CF(Call Forwarding Service) တို့ပါဝင်ကြောင်း သိရသည်။ VMS စနစ်သည် ယခုလ အတွင်းတွင် ၀န်ဆောင်မှု ပေးမည် ဟု မြန်မာ့ ဆက်သွယ်ရေးမှ ထုတ်ပြန်ကြေညာ ထားသော်လည်း အသုံးပြုရန် အဆင်မပြေသေးကြောင်း သိရသည်။ CF ၀န်ဆောင်မှုတွင် ထပ်ခွဲဝန်ဆောင်မှု သုံးမျိုး ပါရှိမည်ဖြစ်ပြီး၊ ၎င်းတို့တွင် ဖုန်းတစ်လုံးအား လက်ခံပြော ဆို နေခြင်းကြောင့် အခြားတာဝန်ရှိသူ တစ်ဦးဦး၏ ဖုန်းအား လက်ခံပြောကြားစေမည့် Busy Forward ၀န်ဆောင်မှု၊ မိမိ၏ဖုန်း အခြားတာဝန်ရှိသူဖုန်းအား တိုက်ရိုက်ချိတ်ဆက်ထားပြီး တိုက်ရိုက် လွှဲပြောင်းပေးနိုင် သည့် Direct Forward ၀န်ဆောင်မှုနှင့် မဖြေကြားလို၍ အခြားဖုန်းအား လွှဲပြောင်းပေး မည့် No Answer Forward ၀န်ဆောင်မှုတို့ ပါဝင်ကြောင်း သိရသည်။

CW (Call Wait Service) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၅၀၀ ဖြင့် လည်းကောင်း၊ MCA (Missed Call Alert) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၁၀၀၀၊ VMS(Voice Mail Service) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၁၀၀၀ ဖြင့်၊ အခကြေးငွေ အများဆုံး ၀န်ဆောင်မှုအဖြစ် CF(Call Forwarding Servie) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၉၀၀၀ အထိ ဖုန်းဘေလ်များထဲမှ ဖြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...