img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, October 15, 2013

နိုင်ငံသားတိုင်း အခွန်ပေးဆောင်စေရန် အခွန်စံနှုန်း သတ်မှတ်ခြင်းဟုဆို

Tuesday, October 15, 2013


မြန်မာနိုင်ငံတွင် နေထိုင်သူမှန်လျှင် နိုင်ငံတော်သို့ အခွန်ပေးဆောင်ရမည် ဖြစ်ပြီး ယင်းသို့ အခွန်ပေးဆောင်စေရန် အိမ်၊ခြံ၊မြေ အခွန်စံနှုန်းများ သတ်မှတ်ခြင်း ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောကြားသည်။
“ဒီနိုင်ငံနေပြီး ဒီနိုင်ငံသားဖြစ်လို့ရှိရင် သတ်မှတ်ထားတဲ့ အခွန်ကိုတော့ ပေးဆောင်ရပါမယ်။ အခွန်ရှောင်တယ် ဆိုတာက ဂုဏ်သိက္ခာပိုင်းကိုလည်း ထိခိုက်စေပါတယ်” ဟု ၎င်းကပြောဆိုသည်။

အခွန်ရှိမှ နိုင်ငံတစ်နိုင်ငံ ရပ်တည်နိုင်မည် ဖြစ်သည့်အတွက် အခွန်ဆောင်စေလိုကြောင်း မော်တော်ယာဉ် အခွန်စည်းကြပ်ရေး စီမံချက် လုပ်ငန်းကော်မတီ ခေါင်းဆောင် ဦးဇော်အောင်က ပြောကြားသည်။

အခွန်နှုန်းထားသစ်များမှာ အနည်းငယ် များခြင်းကြောင့် အခွန်ဆောင်ရန် ပြည်သူများ လက်တွန့်သွားနိုင်ကြောင်း Estate Myanmar အိမ်၊ ခြံ၊ မြေ လုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က ဆိုသည်။
“ဒီလိုမျိုး အခွန်စံနှုန်းတွေကို သတ်သတ်မှတ်မှတ် လုပ်ဆောင်ပေးလိုက်တာ ပွင့်လင်းမြင်သာမှုရှိတဲ့ သဘောကို ဆောင်ပါတယ်။ ဒီလိုသတ်မှတ်ပြီး ပြည်သူတွေကို တရားဝင် ထုတ်ပြန်ပေးတာ ကောင်းပါ တယ်” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က သုံးသပ်ပြော ဆိုသည်။

ရန်ကုန်မြို့တွင်း မြို့ ပြင် အိမ်၊ ခြံ၊ မြေ အခွန်စံနှုန်းများနှင့် ယာဉ်အို၊ ယာဉ်ဟောင်း အခွန်စံနှုန်း များသည် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်၊ ခြံ၊ မြေ စံနှုန်းများနှင့် တင်သွင်း မော်တော်ယာဉ် များကို လည်း မော်ဒယ် လ်နှင့် နှစ်အလိုက် အခွန်စံနှုန်းများ သတ်မှတ်ရန် စီစဉ်လျက် ရှိကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...