img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, October 15, 2013

ကိုယ်ဝန်ဆောင်စဉ်ရှောင်ရမည့် အစားအစာများ

(၁) မကျိုချက်ထားသော နွားနို့ဖြင့်ပြုလုပ်သည့် ဒိန်ချဉ်၊ ဒိန်ခဲ
မကျိုချက်ထားသည့် နွားနို့တွင် E.coli နှင့် Listeria ရောဂါပိုးများ ပါဝင်နိုင်သည်။ ကျိုချက်ထားသော နွားနို့နှင့်နို့ထွက်ပစ္စည်းများကိုသာ စားသုံးပါ။
(၂) ဆူရှီ
ဂျပန်အစားအစာ ဆူရှီလိပ်တွင် ပါဝင်သော ငါးအချို့မှာ အစိမ်းသက်သက်ဖြစ်စေ၊ မကျက်တကျက်ဖြစ်စေ ထည့်သွင်းထားသည့်အစာများဖြစ် ကြသည်။ အသားစိမ်း၊ ငါးစိမ်းများတွင် ကိုယ်ဝန်ကိုထိခိုက်စေသည့် ဘက်တီးရီးယားနှင့် ကပ်ပါးပိုးများပါဝင်နိုင်သည်ဖြစ်ရာ ကျက်အောင်ချက်ပြီးမှ စားသင့်သည်။
(၃) ပင်လယ်စာ
ခရု၊ ကမာ၊ ဂုံး၊ ကင်းမွန်တို့တွင် vibrio ရောဂါပိုးပါဝင်တတ်ပြီး ကျက်အောင်မချက်ပါက အကြီးအကျယ် ၀မ်းပျက်စေသည်။
(၄) ပင်လယ်ငါး
ငါးမန်း၊ မက်ကရယ်ငါး၊ ဆာမွန် ငါး၊ ပုစွန်ဆိတ်တို့တွင် မာကျူရီပါဝင်နိုင်သောကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် ပင်လယ်ငါးရှောင်သင့်သည်။
(၅) လက်ညှစ်ဖျော်ရည်
လက်ညှစ်ဖျော်ရည်များသည် လတ်ဆတ်ပြီး ဓါတုပစ္စည်းပါဝင်မှုနည်းပါးသော်လည်း E.coli ပိုး ပါဝင်နိုင်သည့်အတွက် ကိုယ်ဝန်ဆောင် ချိန် သောက်သုံးရန်မသင့်တော်ပေ။

ဇော်ကို
Source:foodsafety.gov
Health Updates Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...