img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, October 15, 2013

မုန်တိုင်းကြောင့် ဘိုကလေးက ရေလုပ်သားများ ပျောက်ဆုံး


Tuesday, October 15, 2013

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖိုင်လင်းမုန်တိုင်းဖြစ်ပွားခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့က ကျားပိုက်ရေလုပ်သား၂၀ ကျော် ပျောက်ဆုံးနေပါတယ်။

ဘင်္ဂလားပင်လယ်အော် ဖိုင်လင်းမုန်တိုင်း ဖြစ်ပွားခဲ့ပြီးနောက် လေပြင်မုန်တိုင်း တိုက်ခိုက်ခဲ့တဲ့အတွက် ဘိုကလေးမြို့နဲ့ ဖျာပုံမြို့နယ်တွေက ကျားပိုက်ထောင်တဲ့ ရေလုပ်သာတွေ ပျောက်ဆုံနေကြောင်း ဘိုကလေးမြို့ခံတွေက ပြောပါတယ်။

ကျားပိုက်ဖောင်ရင်းတွေ အတိအကျမရှိတဲ့အတွက် ကယ်ဆယ်ရေးတွေကို ကိုယ်တိုင်လုပ်နေရတဲ့အတွက် အသေအပျောက်များခဲ့ကြောင်း ဘိုကလေးဒေသခံ ဦးအောင်ကိုလတ်က ပြောပါတယ်။

“ဖောင်တွေကို လျော့ပြီး စရင်းတင်ထားတယ်။ ငါးလုပ်ငန်းရယ်၊ ကျားပိုက်လုပ်ငန်းရှင်များအသင်းရယ်၊ အလုပ်မား မှတ်ပုံတင် ဦးစီးဌာနရယ် သုံးခုပေါင်းပြီး အဲဒါကို ရိုက်ထားတဲ့အတွက် ဒီဖောင်တွေ ပျက်ပြီဆိုချိန်မှာ သူတို့ လူစာရင်းလည်း မရှိဘူး။ ကယ်ဆယ်ရေးအစီစဉ်ကတော့ သူတို့အစီစဉ်နဲ့ သူတို့ လိုက်ကြနေကြတယ်။”

မုန်တိုင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာက သတိပေးတားမြစ်ခဲ့သော်လည်း အချို့လုပ်ငန်းရှင်တွေက လိုက်နာမှုမရှိလို့ အခုလို အသေအပျောက်တွေရှိခဲ့ရတယ်လို့ ထည့်ပြောသွားပါတယ်။

ဖောင်တွေပျက်တဲ့ သတင်းကြားနေရပေမယ့် လုပ်ငန်းရှင်တွေက ဆက်သွယ်ခွင့်မပေးခဲ့ဘူးလို့ ကျန်ခဲ့တဲ့ မိသားစုဝင် မနုနုထွေးက ပြောပါတယ်။

“ဖောင်တွေ ပျက်တယ်လို့ ပြောတယ်။ ဖောင်ပိုင်ရှင်ကတော့ မပါဘူးလို့ပြောတယ်။ ဆက်သွယ်ခွင့်လည်း မပေးဘူး။  စကားပြောခွင့်လည်း မပေးဘူး။ သမီးတို့က သူတို့ စကားပြောခွင့်လည်း မပေးဘူးဆိုတော့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်။ အဆက်သွယ် လိုချင်တယ်။ လူကတော့ ၃၀၊ ၄၀ လောက်ရှိမယ် လိုက်သွားတာ၊ တယောက်မှ ဆက်လို့ မရဘူးဖြစ်နေတယ်။ ပိုင်ရှင်ကို ဖုန်းဆက်တော့ အော်တောင်လွှတ်သေးတယ်။”

ဒီသတင်းနဲ့ပတ်သက်ပြီး ဗိုလ်ကလေမြို့နယ်ရှိ မင်းရာဇာရေစင် ကျားပိုက်လုပ်ငန်းရှင်တဦးကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူက အခုလိုပြောပါတယ်။

“လူတွေကတော့ ဘာမှအန္တရာယ်မရှိဘူး။ ရာသီဥတုက လေတိုက်တော့ အလုပ်သမားတွေကို ပင်လယ်အ၀ ပြန်ခေါ်လာတယ်။ ခေါ်လာတော့ ဆင်းပြေးတဲ့သူတွေလည်း ရှိတယ်။ ပင်လယ်မှာ ထောင်နေရင်းနဲ့ ပစ်ထားခဲ့တဲ့ သူတွေလည်း ရှိတယ်။ ပစ်ထားခဲ့တဲ့ ပိုက်တွေ၊ ဖောင်တွေကတော့ ဆုံးရှုံးမှု ရှိတာပေါ့။”

၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့က ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့ကို ၀င်ရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူ ၁ သိန်းခွဲလောက် သေဆုံးခဲ့ရသလို  ၂၀၁၀ ခု အောက်တိုဘာလ၂၂ ရက်က ရခိုင်ပြည်နယ်ကို ၀င်ရောက်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့်လည်း လူ ၁၅၀ လောက်သေဆုံးခဲ့ရပါတယ်။

by မျိုးဇော်လင်း  (ဒီဗွီဘီ)

Thit Htoo Lwin - News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...