img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Friday, October 18, 2013

တစ်ထောင်တန်အတုလုပ်သူများ စီအိုင်ဒီ စစ်ဆေးနေ

Thursday, October 17, 2013

တစ်ထောင်ကျပ်တန် ငွေစက္ကူအတုလုပ်သူများထံမှ ငွေတုလုပ်သည့် ကာလာပရင်တာစက်နှင့်အတူ ကျပ်ငွေအတု စုစုပေါင်း ၃၁ သိန်းကျော် ဖမ်းဆီးမိကာ စီအိုင်ဒီကစစ်ဆေးနေကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၂ ရက် တွင် တာမွေမြို့နယ်၊ အရိုးကုန်း ရပ်ကွက်၊ ဗညားဒလလမ်းနှင့် ၁၄၆ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်သို့ရောက်လာသည့် အမျိုးသမီးတစ်ဦးကို ရှာဖွေရာ ၎င်းကိုင်ထားသော လက်ဆွဲအိတ်တစ်လုံးအတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတန်းပါ ငွေစက္ကူအတု တစ်ထောင်ကျပ်တန် အသေးရွက်ရေ ၄၁၀ နှင့် ဆင်းမ်ကတ်ပါ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုတွေ့၍ သိမ်းဆည်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါအမျိုးသမီး၏နေအိမ်သို့ သွားရောက်ရှာဖွေရာ ထင်းရှူးသေတ္တာထဲတွင် အနက်ရောင်ကြွပ်ကြွပ်အိတ်နှင့်ထုပ်လျက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတန်းပါ တစ်ထောင်ကျပ်တန်(အသေး) ငွေစက္ကူအတု အရွက် ၂၀၀၀ နီးပါး ထပ်မံသိမ်းဆည်းမိသောကြောင့် တာမွေမြို့မရဲစခန်းမှ ဗဟိုဘဏ်ပုဒ်မ ၁၀၅/ ၁၀၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်။ အမှုကို မှုခင်းတပ်ဖွဲ့သို့လွှဲပြောင်း၍ ကွင်းဆက်တရားခံအမျိုးသားတစ်ဦးကို ထပ်မံဖမ်းရာ တစ်ထောင်ကျပ်တန်ငွေစက္ကူအတု ရွက်ရေ ၇၀၀ နှင့် ငွေတုလုပ်သည့် ကာလာပရင်တာတို့ကို သိမ်းဆည်းရရှိခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သတင်း ရရှိသည်။

အလားတူ အောက်တိုဘာ ၆ ရက်ကလည်း မင်္ဂလာတောင် ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်းဂိတ်(၁)အနီးတွင် အမျိုးသားနှစ်ဦးမှ ငါးထောင်ကျပ်တန်ငွေစက္ကူအတုများ သုံးစွဲနေကြောင်း သတင်းရရှိသောကြောင့်ရဲဝန်ထမ်းများက သွားရောက်ဖမ်းဆီးပြီး အင်းစိန်စီအိုင်ဒီမှ ရဲအရာရှိများက တရားခံများကိုလာရောက်ခေါ်ယူစစ်ဆေးရာ ကာလာပရင်တာဖြင့် ပင်ပြုလုပ်ကြောင်း ဖမ်းဆီးရာတွင်ပါဝင်သည့် ရဲအရာရှိတစ်ဦးကပြောသည်။

““ကျွန်တော်တို့မြို့နယ်ထဲမှာ ငွေအတုအစစ်ဆိုတာကလည်း ကျွန်တော်တို့ကမခွဲခြားတတ်ဘူး။ စီအိုင်ဒီကရောက်လာပြီး တရားခံတွေကို သေချာစစ်ဆေးဖို့ လာခေါ်သွားပြီ။ တရားခံတွေလည်း ကျွန်တော်တို့စခန်းမှာ ချုပ်မထားဘူး။ စီအိုင်ဒီမှာပဲ ငွေအတု အစစ်ခွဲခြားတတ်တဲ့ပညာရှင်တွေရှိလို့ ဒီအမှုကို စီအိုင်ဒီက တာဝန်ယူနေပါတယ်””ဟု မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

ယခုနှစ်အတွင်း ငါးထောင်ကျပ်တန်အတုနှင့် ပတ်သက်သည့်သတင်းများ မကြာခဏပေါ်ထွက်နေပြီး ငါးထောင်နှင့်တစ်သောင်းကျပ်တန် အတုများကို နည်းစနစ်မျိုးစုံဖြင့် ပြုလုပ်ကြခြင်းဖြစ်ကာ ရောင်စုံမိတ္တူကူးစက်ဖြင့်ပြုလုပ်ပါက သိသာထင်ရှားစွာခွဲခြားနိုင်သော်လည်း အဆင့်မြင့်စက်ကြီးများဖြင့် ထုတ်လုပ်ပါက ငွေစက္ကူအတုအစစ်ခွဲခြားသည့်ဌာနမှ ကျွမ်းကျင်သူများကသာ သိရှိနိုင်ကြောင်း စီအိုင်ဒီမှအငြိမ်းစားရဲမှူးတစ်ဦးက ပြောသည်။

7Day Daily

Thit Htoo Lwin - Crime

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...