img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, October 15, 2013

တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယအကြိမ် သတင်းထုတ်ပြန်



၁၅.၁၀.၂၀၁၃

ဗုံးပေါက်ကွဲမှုနှင့် ဗုံးများတွေ့ရှိသည့် ဖြစ်စဉ်များအပေါ် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယအကြိမ် သတင်းထုတ်ပြန်မှုကို အောက်တိုဘာ ၁၄ ရက်က ပြုလုပ်ခဲ့သည်။

သတင်းထုတ်ပြန်ချက်တွင် ဗျောက်အိုး ဖောက်ခြင်း၊ မီးရှူးမီးပန်း ပစ်ခြင်းတို့ မပြုလုပ်ရန်ဖြစ်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယင်းထုတ်ပြန်ချက်မှာ ''လုပ်သားပြည်သူများသို့ အသိပေး နှိုးဆော်ခြင်း'' ဟူ၍ဖြစ်သည်။

ထုတ်ပြန်ချက်အတွင်း လုပ်သားပြည်သူများ အနေဖြင့် သီတင်းကျွတ်ကာလ နီးလာ၍ ဗျောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်း ပစ်ခြင်းများ ပြုလုပ်လျက် ရှိနေကြောင်း၊ လတ်တလော ရန်ကုန်တိုင်း ဒေသကြီး နယ်မြေအတွင်း လက်လုပ် ချိန်ကိုက်မိုင်း ပေါက်ကွဲခြင်း၊ လက်လုပ်မိုင်းများ တွေ့ရှိသည့် ဖြစ်စဉ်များလည်းရှိပြီး ပေါက်ကွဲမှုများ ထင်ယောင်ထင်မှား ဖြစ်နိုင်သဖြင့် လုံခြုံရေးကို ရှေးရှုကာ ဗျောက်အိုး ဖောက်ခြင်းများ မပြုလုပ်ရန်နှင့် တရားဥပဒေ စိုးမိုးရေးအတွက် လုပ်သား ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော် မေတ္တာရပ်ခံ ထားကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယ ရဲမှူးကြီး မြင့်အေးက ''ဒီလိုသတ်မှတ် လိုက်တာက လုံခြုံရေး သတိအတွက် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေ အနေနဲ့ ပါဝင်ကူညီဖို့ တိုက်တွန်းပါတယ်'' ဟု ပြောကြားသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...