img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, October 15, 2013

ရင်သားကင်ဆာကို ကာကွယ်နိုင်တဲ့ မြေပဲထောပတ်


Monday, October 14, 2013

မြေပဲထောပတ် (peanut butter)ဟာ ရင်သားကင်ဆာကို ကာကွယ်နိုင်တယ်လို့ သုတေသနတစ်ရပ်မှာဖော်ပြထားပါတယ်။
ဒီလေ့လာမှုကိုဝါရှင်တန်တက္ကသိုလ်နဲ့ ဟားဗတ်ဆေးတက္ကသိုလ်တို့ ပူးပေါင်းသုတေသနပြုခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆ခုနှစ်မှ၂၀၀၁ခုနှစ်အတွင်းမှာ အမေရိကန်မိန်းကလေး ၉၀၃၉ဦးရဲ့ ကျန်းမာရေးစစ်တမ်းတွေကို အခြေခံပြုလုပ်ထားတဲ့ သုတေသနဖြစ်ပါတယ်။

လေ့လာမှုမှာ ပါဝင်တဲ့ မိန်းကလေးတွေဟာ အသက်၉နှစ်ကနေ၁၅နှစ်အတွင်း အသီးသီးရှိသူများဖြစ်ကြပါတယ်။ ဒါ့ကြောင့် အဲဒီမိန်းကလေးတွေ ၂၀၀၅ခုနှစ်ကနေ ၂၀၁၀ခုနှစ် မှာ အသက်၁၈နှစ်ကနေ ၃၀နှစ်အသီးသီးရြှိ ပီးရောဂါဖြစ်ပွားမှု ကို လေ့လာနိုင်ခဲ့တာဖြစ်ပါတယ်။တွေ့ရှိခဲ့ တာကတော့ မြေပဲထောပတ်ကိုစားသုံးခဲ့တဲ့ မိန်းကလေးတွေဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုကို ၃၀% လျှော့ချနိုင်ခဲ့တာပဲဖြစ်ပါတယ်။


လေ့လာမှုခေါင်းဆောင်တွဲဖက်ပါမောက္ခ Dr.Graham Colditz က မြေပဲထောပတ်က ရင်သားကင်ဆာကိုကာကွယ်နိုင်မှုကို ဆက်လက်လေ့လာနေပြီး ဘယ်ဓာတ်ပေါင်းက ကာကွယ်နိုင်တဲ့ အာနိသင်ရှိသလဲဆိုတာကိုဖော်ထုတ်နေကြောင်းပြော ကြားခဲ့ပါတယ်။ဒီလေ့လာမှုကိုJournal of Nutritionမှာဖော်ပြထားတာဖြစ်ပါ တယ်။

သန့်စင်
ref: ANI
Health Updates Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...