img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } Blogger Widgets Blogger Widgets
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, October 15, 2013

ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှု သံသယရှိသူအား ဘီးလင်းမြို့နယ်တွင် ဖမ်းဆီးရမိ


(၁၄.၁၀.၂၀၁၃)နေ့ည သန်းခေါင်ယံ အချိန်တွင် ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှုတွင် သံသယရှိသူ စောမြင့်လွင်၊(၂၆)နှစ်၊(ဘ)ဦးကိုညွန့် ၊နိုင်ငံသား စီစစ်ရေး ကဒ်ပြား အမှတ်-၃/ဖမန(နိုင်)၀၂၂၅၇၆ သူမွဲထကျေးရွာ၊ ဖာပွန်မြို့နယ် နေသူအား (၁၅.၁၀.၂၀၁၃)နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ဘီးလင်း - နတ်ကြီး ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာစဉ် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူး ဖမ်းဆီးရေးအဖွဲ့ မှ  ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲမှု သံသယဖြစ်ခံရသူအား အလုံမြို့ နယ် western park II စားသောက်ဆိုင်မှာ ဗုံးတွေ့  မှု  ဖြစ်စဉ်ကတည်းက  စတင်ခြေရာခံ မိခဲ့တာလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲ အရာရှိတဦးက Myanmar News Now ကို ပြောပါတယ်။

တရားခံဟာ  Taxi  ပေါ်   မှတ်ပုံတင် ကျန်ခဲ့ရာ  သူ့ရဲ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး။ ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းအရ လူပုံကိုပါ ဖမ်းနိုင်ခဲ့ပါတယ်။

အဆိုပါ တရားခံကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူးဖမ်းဆီးရေး ရဲမှူးကိုယ်တိုင်း ဦးစီးပြီး လိုက်လံဖမ်းဆီး ခဲ့ပြီး ယ္ခုအခါ ရဲမှူးကားနဲ့ အတူ တရားခံ စောမြင့်လွင် အား ရန်ကုန်မြို့ ကို ပြန်ခေါ်လာနေကြောင်း သိရပါတယ်။

by Myanmar News Now


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...